ကျွန်တော်တို့ နည်းပညာထုတ်ကုန်တွေဖန်တီးပြီးရင် စားသုံးသူတွေစိတ်ဝင်စားလာအောင် ရောင်းဖို့ကလိုသေးတယ်လေ။ ဒီတော့ "sales" လို့ခေါ်တဲ့ ကိုယ့်နည်းပညာကို စျေးကွက်ထဲရောက်အောင် ဖောက်ပေးတဲ့သူတွေလိုလာပြန်ရော။ ဒါဆိုရင် ဒီ Sales Team နဲ့ Development Team နဲ့ ပန်းတိုင် တစ်ထပ်တည်းကျအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းကရှိလာပြီလေ။
ဒီမေးခွန်းတွေကို ဖြေပေးဖို့ Techshaw Cast မှာ ဒီတစ်ခေါက်ဝင်ရောက်အားဖြည့်ပေးထားတာကတော့ ကိုမျိုးထက်အောင်ပဲဖြစ်ပါတယ်။ ကိုမျိုးထက်အောင်က Digital Solution တွေဖန်တီးပေးနေတဲ့ nexlabs ရဲ့ co-founder ဖြစ်သလို၊ အခုလက်ရှိမှာတော့ BetterHR ဆိုတဲ့ HR Software လေးမှာ Head Of Sales နဲ့လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် Forbes ရဲ့ စောင့်ကြည့်ရမဲ့ 30 Under 30 မှာလည်း အရွေးခံရဖူသေးတယ်နော်။
ဒါဆိုရင် Sales Team နဲ့ Development Team ကို ဘယ်လို တစ်ပြေးညီဖြစ်အောင် ကိုမျိုးထက်အောင်အနေနဲ့ ဘယ်လိုလုပ်ဆောင်လဲဆိုတာ ကို ဒီတစ်ခေါက် More Than Dev အစီအစဉ်လေးမှာနားထောင်ကြည့်ဦးနော်။
Show Notes
44:40
HubSpot Drive Blog - https://blog.hubspot.com
PipeDrive Blog - https://www.pipedrive.com/en/blog
Send in a voice message: https://anchor.fm/techshaw/message