Tech Byte လို့နာမည်ပေးထားတဲ့ အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးမယ်နော်။
နာမည်အတိုင်း 1 byte (1 bite) တစ်ကိုက်စာ၊ တစ်ထိုင်စာ နားထောင်လို့ရအောင် အကြောင်းအရာတစ်ခုတည်းကိုပဲ ၁၀ - ၁၅ မိနစ်အတွင်း ဆေွးနွေးပေးတဲ့ အစီအစဉ်လေးတစ်ခုပါ။ အချိန်အကြာကြီး မပေးနိုင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်။
ဒါနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာ ယူနီကုဒ် စံစနစ်ကို လိုက်နာတဲ့ မြန်မာစာစနစ်ကို ပြောင်းလဲ အသုံးပြုကြရတော့မယ်လို့သိရတယ်။ ကျွန်တော်တို့ Techshaw Podcast အဖွဲသားများကိုယ်တိုင်ကလည်း မြန်မာယူနီကုဒ်ကို အသုံးပြုနေတဲ့သူတွေဖြစ်တယ်။ ဒီတော့ ပထမဆုံး Tech Byte အနေနဲ့ ကျွန်တော်တို့ စပြီးပြောင်းလဲ အသုံးပြုတုန်းက ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတွေ၊ ပြီးတော့ ကိုယ်တွေ့ အခက်အခဲက ရလာတဲ့ အကြံပေးချက်တွေကို နားဆင်ကြည့်ကြပါဦး။
မြန်မာ ယူနီကုဒ်နဲ့ ပတ်သက်လို့ လေ့လာချင်တာဖြစ်ဖြစ် ပြောင်းသုံးဖို့ အခက်အခဲရှိတာဖြစ်ဖြစ် အောက်ပါ Links များမှာ အကူအညီ ရယူနိုင်ပါတယ်။
https://www.facebook.com/unicodetodaymm/
https://www.mmunicode.org
https://www.mmunicode.org/wiki/
http://unicode.today
Send in a voice message: https://anchor.fm/techshaw/message