The Travelling Lion | Myanmar Podcast: Recent Episodes

Thiha Lu Lin

This Podcast is hosted by Myanmar Blogger/Vlogger Thiha Lu Lin also known as Thiha, the Traveller. The name ”Thiha” refers Lion in Burmese. This podcast is about travel experiences, lifestyle and much more. Thiha Lu Lin is a Burmese travel blogger, writer and radio dj.

View Details

ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ ပေးလေ့ပေးထရှိတဲ့ အသိပညာဗဟုသုတတွေလည်း ပါဝင်တဲ့ ဝတ္ထုတိုလေးကို ပညာပေးမဆန်ဘဲ ရသအစွမ်းနဲ့ဖတ်ရသူ မပျင်းရိရဘဲ စီးမျောသွားအောင် ရေးဖွဲ့သွားပါတယ်။

စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

| Website: https://www.thihathetraveller.com |
| Facebook: https://www.facebook.com/travellerthiha |
| Instagram: https://www.instagram.com/thihalulin |
| YouTube: https://www.youtube.com/thihalulin |
| Email me @ thihalulin@gmail.com |

View Details

ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ thihalulin@gmail.com |

View Details

ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက် မြန်မာပြည်မှာ ကားမောင်းအတွေ့အကြုံရှိထားရင် အရမ်းလွယ်ကူပါတယ်။ ဘန်ကောက်ရဲ့မိုးပျံလမ်း အထပ်ထပ်ကြောင့်သာ မျက်စိလည်စရာဖြစ်ရပြီး အမြန်လမ်းတွေကြောင့် ရုတ်တရက် ကြောက်စိတ်ဖြစ်ရတတ်ပါတယ်။ ဒီအကြောင်းလေးတွေကို ဒီ Podcast မှာ ပြောထားသလို ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ဘယ်လိုလုပ်သလဲဆိုတာပါ ပြောပြပေးထားပါတယ်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

၂၀၀၅ ခုနှစ်တုန်းက ထင်ပါတယ်။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ စာအုပ်ဟောင်းလေးတစ်ခုကို ငယ်ငယ်လေးတုန်းက ဖတ်ခဲ့ဖူးပေမဲ့ ခု စာအုပ်စဉ်မှာ ပြန်တွေ့လို့ တစ်ခါ ပြန်ဖတ်ရင်း သဘောကျလို့ အသံထွက်စာအုပ်လေး အဖြစ် အသက်သွင်းဖြစ်ပါတယ်။ မူရင်းက Dr. Spencer Johnson ရဲ့ "Who Moved My Cheese" ပါ။ မူရင်းစာအုပ်မှာကို အတော်ရောင်းကောင်းခဲ့တာ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ မြန်မာဘာသာပြန်ဆိုပေးတာတော့ ဆရာ တင်မောင်မြင့် ပါ။ ငယ်ငယ်တုန်းက အင်္ဂလိပ်လို မကျွမ်းကျင်ချိန် နားလည်သဘောပေါက်အောင် မြန်မာလို ချောချောမွေ့မွေ့ ဘာသာပြန်ပေးခဲ့လို့ ပညာအလင်း ရခဲ့တယ်လို့ပဲ ဆိုပါရစေ။ ဒီစာအုပ်ဟာ လက်တွေ့ဘဝမှာ လုပ်ငန်းခွင်ထဲဖြစ်ဖြစ်၊ ပြင်ပလူမှုရေးရာဖြစ်ဖြစ်၊ ကျောင်းတွင်း၊ အိမ်တွင်းရေးရာတွေပဲ ဖြစ်ဖြစ် အားလုံးမှာ အသုံးချနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ဇာတ်သိမ်းလေး ကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

Podcast လေးကို ခုလပိုင်းတွေ ပစ်ထားမိသလို ဖြစ်နေတယ်။ ဒီနေ့ Episode လေးမှာတော့ သဘောကျမိတဲ့ အတွေးအမြင် အကြောင်းအရာလေးတစ်ခုကို တင်ဆက်ချင်ပါတယ်။ လက်နှီး (လက်သုတ်ပုဝါ) လေးတွေကို ကျွန်တော်တို့ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတာပါ။ စိတ်ကူးတွေးခေါ်စရာ တစ်ခုခု ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီ Episode လေးနားဆင်ပြီး ကိုယ်ခံစားရတဲ့ အတွေးအမြင်လေးတွေကိုလည်း ဝေမျှဆွေးနွေးနေပါတယ်ခင်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားစရာ လှပတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ အင်းဝမြို့ဟောင်း ဟာလည်း ပါဝင်ပါတယ်။ အင်းဝမြို့ထဲမှာ ဒီနှစ်ပိုင်းတွေ ခရီးသွားတွေကြား ရေပန်းစားလာတဲ့ ရတနာဆီးမီး ဘုရားစု နဲ့ ပတ်သက်သမျှ စုစည်းလို့ ဒီနေ့ ကျွန်တော့်ရဲ့ Podcast ကနေ တင်ပြပေးလိုက်ရပါတယ်။ ခရီးသွားဖို့ ကောင်းတဲ့အချိန် မဟုတ်သေးတော့ သောတအာရုံလေးနဲ့ စိတ်ကူးထဲက ပုံဖော်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ ဖခင်များနေ့ နဲ့ တိုက်ဆိုင်နေလို့ အဖေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ဝေမျှ ထားပါတယ်။ ဒါ့အပြင် စာရေးဆရာ နတ်ရဲ (ရူပဗေဒ) ရဲ့ "ပင်လယ်ကို မမုန်းပါဘူးဖေဖေ" ဝတ္ထုတို ကို အသံထွက်ဝတ္ထုအဖြစ် ဖခင်များနေ့ အမှတ်တရ အသက်သွင်းထားပါတယ်ခင်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဇွန်လ (၁၄) ရက်နေ့ ကို ကမ္ဘာ့သွေးလှူရှင်များနေ့ လို့ ဆိုပါတယ်။ သွေးလှူဖို့ တွန့်ဆုတ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘာလို့များ တွန့်ဆုတ်နေမိလည်း တွေးမိပြီး ကိုယ့်လို စိတ်ဒွိဟ ဖြစ်နေသူတွေလည်း လှူဖို့ အားတက်အောင်လို့ ဒီနေ့မှာတော့ သွေးလှူခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဆောင်ရန် ရှောင်ရန် တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဇွန်လ ကို Pride Month ဆိုပြီး သက်တန့်ရောင်လေးတွေ လွှမ်းခြုံတတ်ကြတယ်။ ကျွန်တော့်ရဲ့ ဒီကနေ့ Podcast Show ကနေ LGBT တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ချင်ပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဘေးမှာရှိတုန်း တန်ဖိုးထားပါဆိုတာ ချစ်သူခင်သူတွေကိုပဲ ပြောတာလို့ မယူဆပါနဲ့... သူလည်း ပါဝင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

စက်ဘီး စီးတဲ့ အားကစား ဟာ ၉၀ ခုနှစ်ဖွားတွေနဲ့တော့ မစိမ်းလှပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖွားတွေအတွက်တော့ စက်ဘီး စီးတဲ့ အလေ့အထ တဖြေးဖြေး ဝေးကွာလာခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုနောက်ပိုင်းမှာ တကြော့ပြန် ခေတ်စားလာတဲ့ စက်ဘီးစီးခြင်းဟာ အားကစားလှုပ်ရှားမှုအသွင် ဖြစ်လာပြီး ပိုကြံ့ခိုင်သန်စွမ်းကျန်းမာစေတဲ့ အပြုအမူအနေနဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ သဘောတွေ့လာကြပါတယ်။ စက်ဘီးစီးအားကစား ကို စိတ်ဝင်စားသူတွေ၊ စက်ဘီးစီးပြီး ပြည်တွင်း ပြည်ပ ခရီးထွက်လိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ကြိုးစားပြုစုထားသလို၊ နိုင်ငံဖြတ်ကျော် စက်ဘီးစီး အတွေ့အကြုံရှိသူ ကိုညိုမင်းသိန်း နဲ့လည်း စကားပြောဆွေးနွေးထားပါတယ်။ ဒီနေ့ Podcast show လေးကိုလည်း သဘောကျဖို့ မျှော်လင့်ပါတယ်ခင်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဘဝ မှာ ကြုံဆုံခဲ့ရဖူးတဲ့ ဖာ လို့ ချိုးနှိမ်ခေါ်ဝေါ်ခဲ့ကြတဲ့ လိင်လုပ်သားတွေ ရဲ့ ဘဝ အပိုင်းအစ တချို့ကို တီးခေါက်မိသလောက် ပြောဆိုဖြစ်ပါတယ်။ လိင်လုပ်သားတွေ ရဲ့ ရင့်နင့်စရာ အဖြစ်အပျက်အတွေ၊ ရယ်မောစရာတွေ၊ ရုန်းထွက်အောင်မြင်မှုတွေအကြောင်းကို comment မှာလည်း ဝေမျှနိုင်ပါတယ်ခင်ဗျာ...

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

"အင်းဝမြို့ဟောင်း မှ ညောင်ရမ်းခေတ်စေတီများ" ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ အင်းဝမြို့ဟောင်းရောက်ရင် တွေ့မြင်ကြရမယ့် စိတ်ဝင်စားစရာ တည်ဆောက်ပုံရှိကြတဲ့ ညောင်ရမ်းခေတ်စေတီတွေအကြောင်း ကို တင်ဆက်ထားပါတယ်ခင်ဗျာ။ Season 2 ရဲ့ ပထမဆုံးအပိုင်းလေးလည်းဖြစ်လို့ အပြောင်းအလဲတချို့အကြောင်းကိုလည်း ပြောပြထားပါတယ်။ ညောင်ရမ်းခေတ် ဟာ ဒုတိယအင်းဝခေတ် လည်း ဖြစ်ပါတယ်။ ညောင်ရမ်းခေတ် လက်ရာ ရှေးဟောင်းစေတီ နဲ့ အဆောက်အအုံတွေကို အင်းဝ မှာ ယနေ့တိုင်မြင်တွေ့နိုင်ဆဲဖြစ်တာဟာလည်း နှစ်သက်စရာပါ။ သမိုင်းကြောင်း သိရင် နေရာတစ်ခုဟာ ပိုပြီးစိတ်ဝင်စားစရာဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အချက်အလက်တွေ လက်လှမ်းမီသလောက် စုစည်းတင်ဆက်လိုက်ပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

မထင်မှတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် စာတစ်အုပ်ဟာ လတွေအများတွေကြာတဲ့အထိ ဖြစ်သွားရတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (35) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက်ဖတ်ပြတာလေး နိဂုံးချုပ်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်တော့် Podcast လည်း တစ်နှစ် သက်တမ်းရှိပြီမို့ Season 1 ရဲ့ အပိတ် show ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၁၀) မှာ စာရေးသူ ဟာ သူ့ရဲ့မူလနေထိုင်ရာ အမေရိကားနိုင်ငံ မှာ ပျော်ရွှင်မှု ရှာတဲ့အကြောင်းအရာတွေကို တင်ပြထားသလို နိဂုံးချုပ်အနေနဲ့ ပျော်ရွှင်ခြင်းခရီးစဉ်ပေါ် သုံးသပ်ချက်တွေကိုလည်း စိတ်ဝင်စားစရာ ဖတ်ရှုရပါတယ်။ အမေရိကားနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ Season 1 ကနေလည်း နှုတ်ဆက်လိုက်ပါတယ်။ မနက်ဖြန် Season 2 မှာ ထူးခြားတဲ့ Show တွေနဲ့ ပုံစံပြောင်းထားပါပြီဗျား။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (34) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဆက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၉) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ သူ ချစ်လည်းချစ်သလို မုန်းလည်းမုန်းတဲ့ တနည်း ချစ်ရင်းနဲ့ မုန်းနေတဲ့ အိန္ဒိယနိုင်ငံ ကို ခရီးထွက်ခဲ့ပါတယ်။ အိန္ဒိယ ရဲ့ ပျော်ရွှင်ခြင်းဟာ ဝိရောဓိတွေကြားမှာ ရှိနေတယ်လို့ သုံးသပ်ထားတယ်။ ပိုက်ဆံရှိတာ နဲ့ ပျော်ရွှင်တာ မဆိုင်ဘူးလို့လည်း အိန္ဒိယ က သင်ကြားပေးပြန်တယ်။ အိန္ဒိယနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (33) မှာတော့ ရှေ့ကလိုပဲ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၈) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ ကိန်းကြီးခန်းကြီးရှိလှတဲ့ ဂရိတ်ဗြိတိန်နိုင်ငံ က လူတွေ ပျော်ရွှင်နေသလား သိဖို့ သွားခဲ့ပါတယ်။ ဗြိတိန် ရဲ့ ဆလောင်းမြို့ ဆိုတာ ဘူနေတဲ့မြို့တစ်မြို့ လို့ ဆိုကြတယ်။ အဲ့ဒီမြို့ကို ခရီးထွက်ပြီး ပျော်ရွှင်ခြင်းအကြောင်းကို လေ့လာထားသမျှ နားဆင်ရမှာ ဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်နိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (32) မှာတော့ ဆက်ပြီးတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၇) မှာ ကျွန်တော်ကိုယ်တိုင်လည်း ပျော်စရာနိုင်ငံ တစ်ခုလို့ မြင်မိတဲ့ ထိုင်းနိုင်ငံ ကို ပျော်ရွှင်ခြင်းအရှာထွက်တဲ့ အကြောင်း ဖတ်ရပါတယ်။ ခု ကျွန်တော်တို့နိုင်ငံ လက်ရှိအနေအထားနဲ့ သူ ရေးတဲ့အချိန် ထိုင်းနိုင်ငံ နဲ့ ဆင်တူသလိုလိုပါပဲ။ ထိုင်းနိုင်ငံ ရဲ့ ဘုရင်က အဲ့ဒီ သူ စာအုပ်ရေးတဲ့ အချိန်တုန်းကတော့ နတ်ရွာမစံသေးချိန်ဖြစ်ပါတယ်။  စစ်အာဏာသိမ်းမှုနဲ့ ကြုံဆုံလိုက်ရတဲ့ ပျော်ရွှင်ခြင်းရှာဖွေသူခရီးသည်ကြီး ရဲ့ ထိုင်းနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော့်ရဲ့ Podcast Episode (31) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၆) မှာတော့ ပျော်ရွှင်ခြင်းရှာဖွေတဲ့ ခရီးသည်ကြီးဟာ သူကိုယ်တိုင်က လူဘူ ဖြစ်နေလို့ မပျော်ရွှင်တဲ့နိုင်ငံ တစ်ခုခုကို လည်ပတ်ကြည့်ရင် သူ ပိုပျော်လာမယ်လို့ ထင်တဲ့အတွက် ကမ္ဘာ့မပျော်ရွှင်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံ ကို လည်ပတ်လို့ တင်ဆက်လာပါတယ်။ ဘာကြောင့် မော်ဒိုဗာနိုင်ငံ ဟာ မပျော်ရွှင်ရသလဲ။ လူတိုင်းက ပိုက်ဆံ မရှိလို့ ဆိုပြီး ယေဘုယျပြောဆိုကြပေမဲ့ တခြားသော အကြောင်းအရင်းတွေ များစွာ ရှိသေးကြောင်းကို ဖတ်ရင်းနဲ့ သိလိုက်ရတဲ့အပြင် မော်လ်ဒိုဗာနိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော့်ရဲ့ Podcast Episode (30) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၅) အနေနဲ့ အိုက်စလန်နိုင်ငံ အကြောင်းကို တင်ဆက်လာပါတယ်။ ရေခဲတွေ ဝန်းရံနေပြီး အမှောင်ယံကြီးစိုးမှုများတဲ့ နိုင်ငံ ဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးစာရင်းထဲ ရပ်တည်နေတာ ဘာကြောင့်လဲ။ နိုင်ငံသေးသေး၊ မြို့သေးသေးလေး နဲ့ နိုင်ငံသား နည်းနည်းပဲ ရှိတာက ဘဝကို ပိုပြီး ပျော်စရာကောင်းစေတာလား။ မှောင်နဲ့မည်းမည်း မှာ အရက်တွေသောက်ပြီး မူးနေရတာက ပျော်ရွှင်မှုအစစ်အမှန်လားဆိုတာတွေကို ကိုယ်တိုင်ရောက်ရှိနားလည်သွားခဲ့ရသလို ရေးသားတင်ဆက်ထားတဲ့အပြင် တစ်ထိုင်တည်းနဲ့ အိုက်စလန်နိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (29) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၄) အနေနဲ့ ကာတာနိုင်ငံ အကြောင်းကို တင်ဆက်လာပါတယ်။ ရေနံနဲ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ ဟာ ပျော်ရွှင်ခြင်းကို ငွေနဲ့ တည်ဆောက်ယူခဲ့သလား၊ နိုင်ငံသားတွေကရော တကယ်ပျော်ရွှင်နေသလား။ ကိုယ်တိုင်ရောက်ရှိနားလည်သွားခဲ့ရသလို ရေးသားတင်ဆက်ထားတဲ့အတွက် တစ်ထိုင်တည်းနဲ့ ကာတာနိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (28) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၃) အနေနဲ့ ဘူတန်နိုင်ငံ ကို ပျော်ရွှင်ခြင်း ရှာပုံတော်ခရီး ဖွင့်ခဲ့တာကို နားဆင်ကြရမှာပါ။ ဘူတန်ကို ကျွန်တော်လည်း အတော်စိတ်ဝင်စားပါတယ်။ တော်ရုံလူ မလည်ပတ်နိုင်အောင် စရောက်တဲ့နေ့ကစလို့ တစ်ရက်ကို ဒေါ်လာ ၂၀၀ မဖြစ်မနေသုံးစွဲပေးရတဲ့ ထူးခြားတဲ့နိုင်ငံပါပဲ။ ဒါကြောင့်လည်း နိုင်ငံက ရိုးရှင်းအေးချမ်းမှု ရှိနေတာ ဖြစ်နိုင်တယ်။ လေယာဉ်ဆင်းချိန် ကြုံရမဲ့ ဟိမဝန္တာတောင်ကြီးတွေနား လေယာဉ်ယိမ်းထိုးကပ်သွားတဲ့ ခံစားချက်ကို မြင်လည်းမြင်ချင် ကြောက်လည်းကြောက် ဖြစ်နေမှာ သေချာတယ်။ ဘူတန် ရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ အမျိုးသားလိင်အင်္ဂါပုံ ရုပ်တုတွေအကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ကိုယ်တိုင်ရောက်ရှိနားလည်သွားခဲ့ရသလို ရေးသားတင်ဆက်ထားတဲ့အတွက် တစ်ထိုင်တည်းနဲ့ ဘူတန်နိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (27) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အပိုင်း (၁) တုန်းက နယ်သာလန် မှာ ပျော်ရွှင်ခြင်းရှာပုံတော်ထွက်တဲ့ ခရီးအကြောင်းကို နားဆင်ခဲ့ရပြီး အခု အပိုင်း (၂) မှာတော့ ဆွစ်ဇလန် မှာ ပျော်ရွှင်ခြင်းရှာပုံတော်ဖွင့်ထားပါတယ်။ ဆွစ်ဇလန်နိုင်ငံ ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းအရာတွေကိုပါ ထင်ဟပ်ဖော်ပြထားလို့ ကိုယ်တိုင်ခရီးသွားလိုက်ရသလို နားလည်သဘောပေါက်စေပါတယ်။ တချို့ကိစ္စရပ်တွေဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြန်ပြီးအသုံးချလို့ ရနိုင်မလားလို့ တွေးမိသွားစေတယ်။ မူရင်း စာရေးသူ Eric ရဲ့ အတွေးအခေါ် နဲ့ အတင်အပြ ထိရှလွန်းသလို ဆရာ ချမ်းမြေ့ဝင်း ရဲ့ ဘာသာပြန်မှုကလည်း ကွက်တိကျတယ်လို့ ဆိုချင်ပါတယ်။ ဆွစ်ဇလန်နိုင်ငံ ကို အလည်ရောက်ခဲ့ဖူးသူတစ်ယောက်အနေနဲ့ စာထဲက အချက်အလက်တွေဟာ ငြင်းစရာမရှိလောက်အောင်ကို ဖြစ်ရပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (26) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်ဆိုမှုအရေးအသားတွေဟာလည်း ဖတ်ရှုရသူကို အတော်လေး ဆွဲဆောင်သွားပြီး ခရီးထွက်ချင်စိတ်ကို တိုးစေပါတယ်။ စာရေးသူ ဟာ ခရီးသွားခြင်းကို စိတ်မဝင်စားသူ ဖြစ်ပေမဲ့ ရေးသားမှုတွေဟာ မြေပြင်အခြေအနေနဲ့ ကိုက်ညီအောင် ရေးဖွဲ့နိုင်တယ်လို့ ယူဆမိပါတယ်။ ခရီးသွားတာကို အရူးအမူးစွဲလန်းနေတဲ့ Travel Blogger တစ်ယောက်အနေနဲ့ ဒီစာအုပ်ဟာ လက်ကမချချင်လောက်အောင် ဖြစ်ခဲ့ရတာမျိုး ကိုယ်ကြိုက်တဲ့စာအုပ် ကိုယ့်အသံနဲ့ ဖတ်ရွတ်ပြီး သိမ်းဆည်းဂုဏ်ပြုမိပါတယ်။ ခရီးသွားအကြောင်းအရာသက်သက်မဟုတ်ဘဲ၊ ပျော်ရွှင်နေတဲ့နိုင်ငံတွေဆီ ပျော်ရွှင်ခြင်းအရှာထွက်တဲ့ သူအကြောင်းဖြစ်တာမို့ ပိုပြီး စိတ်ဝင်စားရပါတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံတွေက ပျော်ရွှင်နေကြသလဲ၊ မပျော်ကြသလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကို အသေးစိတ်ဖတ်ရင်း ဘဝဒသနများစွာလည်း ခံစားမှတ်သားရစေပါတယ်။ စာဖတ်ဖို့ အခက်အခဲရှိသူတွေ၊ အသံထွက်စာအုပ်တွေကိုနှစ်သက်သူတွေ သဘောကျနှစ်ခြိုက်ဖို့ မျှော်လင့်ပါတယ်။ စာအုပ်ထူတဲ့အတွက် အပိုင်းလိုက် ခွဲပြီး တင်ဆက်ပေးလိုက်ပါတယ်။ အခုကတော့ အပိုင်း (၁) ဖြစ်ပါတယ်။ နားဆင်ကြည့်ပါဦးခင်ဗျ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast Episode (25) မှာတော့ ပြည်တွင်းခရီးသွား မြင့်မားလာတာနဲ့အမျှ ကြုံဆုံကြရမဲ့ အမှိုက်ပြဿနာ အကြောင်းကို ခရီးသွားလုပ်ငန်းမှာ ကျင်လည်နေကြတဲ့ လူငယ်တွေက အပြုသဘော ဆွေးနွေးအကြံပြုစကားဝိုင်း ဖန်တီးထားတာကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အရင်အပတ်က အဆက်ဖြစ်ပြီး အပိုင်း (၂) မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီအစီအစဉ်မှာ - 

  • Travel Blogger တွေက အမှိုက်ပြဿနာ ထိန်းသိမ်းဖို့ တာဝန်ရှိသလား
  • ကိုယ်ပိုင်ကား နဲ့ ခရီးသွားသူတွေက အမှိုက်ပိုဖွ သူတွေလား
  • နေရာသစ်တွေမှာ အမှိုက်ကျန်တဲ့ကိစ္စအတွက် အကောင်းဆုံးဖြေရှင်းနည်းက ဘာလဲ
  • တစ်ကိုယ်ရည်သုံး ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေ က အမှိုက်သစ် တွေ ဖြစ်လာပြီလား

စတာတွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။ အမြဲ အားပေးနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | TikTok: https://www.tiktok.com/@thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast Episode (24) မှာတော့ ပြည်တွင်းခရီးသွား မြင့်မားလာတာနဲ့အမျှ ကြုံဆုံကြရမဲ့ အမှိုက်ပြဿနာ အကြောင်းကို ခရီးသွားလုပ်ငန်းမှာ ကျင်လည်နေကြတဲ့ လူငယ်တွေက အပြုသဘော ဆွေးနွေးအကြံပြုစကားဝိုင်း ဖန်တီးထားတာကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ - 

  • Social Media တွေပေါ် ရေးတင်တဲ့ ခရီးသွားအညွှန်းတွေ က အမှိုက်ပြဿနာရဲ့ အစ လား?
  • တကယ် အမှိုက်ဖွတာ ခရီးသွားလား၊ ဒေသခံတွေလား?
  • ခရီးသွားဝန်ဆောင်မှုပေးသူတွေနဲ့ ခရီးသွားတွေ အသီးသီးလိုက်နာရမဲ့ အမှိုက်တာဝန်များ

စတာတွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။ အမြဲ အားပေးနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | TikTok: https://www.tiktok.com/@thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast Episode (23) မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ခရီးသွားတွေ ကျော်ကျော်သွားတတ်တဲ့ အောင်ပန်းမြို့ကို ခရီးရောက်ခဲ့တုန်း ကြုံခဲ့ရသမျှလေးတွေ ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

ဒီအစီအစဉ်မှာ - 

အောင်ပန်းမြို့ ဖြစ်တည်လာပုံ ဘာနဲ့ ဘယ်လိုသွားမလဲ ဘယ်တွေ လည်ပတ်မလဲ ဘယ်မှာ တည်းခိုမလဲ ဘယ်မှာ စားသောက်မလဲ

စတာတွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။ အမြဲ အားပေးနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

သောတရှင်များအားလုံး မင်္ဂလာပါ... ဒီတစ်ခါ ကျွန်တော့်ရဲ့ Podcast Episode (22) မှာတော့ "စိတ်ဝင်စားဘွယ်ရာ ကရင်ရိုးရာဂျပ်ခုတ်ပညာ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။

ကရင်ပြည်နယ်ကို အလည်သွားရင် ကရင်ရိုးရာဝတ်စုံတွေ ဝယ်ယူဆင်မြန်းကြပေမဲ့ ကရင်ရိုးရာစစ်စစ်တွေ ရက်လုပ်တာနဲ့ ပတ်သက်လို့ လေ့လာသိရှိလိုသူနည်းပါလိမ့်မယ်။ တကယ်တော့ ကရင်ရိုးရာဝတ်စုံတွေဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ရက်လုပ်ပုံတွေ ရှိပါတယ်။ ကိုပီတ ဟာ ကရင်ပြည်နယ်မှာ ချစ်ခင်စွာ နေထိုင်နေရင်း ဈေးကွက်အောင်မြင်မှုနည်းလို့ တစထက်တစ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်လာတဲ့ ဂျပ်ခုတ်စစ်စစ်တွေကို ပြန်လည်ဖော်ထုတ်ရင်း ဈေးကွက်မှာပါ အောင်မြင်နိုင်အောင် ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ရအောင်ကြိုးစားနေရင်း ချည်ထည်ကို ဆိုးတဲ့ ဆေးကအစ သဘာဝက ရတဲ့ အရောင်တွေကို အသုံးပြုဖန်တီးနိုင်ဖို့ တီထွင်ကြံဆသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆိုင်မှာဆိုရင် ကရင်ရိုးရာအထည်တွေဟာ အခြားဆိုင်များနဲ့ယှဉ်ရင် ဈေးများနေတယ်ထင်ရပေမဲ့ ရောင်းချစရာနဲ့ ပြစရာ ပစ္စည်းမရှိတဲ့အထိ အရောင်းတွင်ကျယ်နေတတ်ပါတယ်။ . ဒီနေ့ သူနဲ့ပြောဖြစ်တဲ့ စကားဝိုင်းလေးကနေ

  • ကရင်ဂျပ်ခုတ်ရိုးရာ ရဲ့ လားရာအခြေအနေ
  • လက်တွေ့ရင်ဆိုင်နေကြရတဲ့ အခက်အခဲများ
  • ကရင်ရွာတွေမှာ ဂျပ်ခုတ်သူတွေရဲ့ ထူးခြားတဲ့ အယူအဆများ

စတဲ့ စတဲ့ စိတ်ဝင်စားစရာတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

မင်္ဂလာပါ... ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (21) မှာတော့ "ခရီးသွားရင် လိုအပ်သလို အသုံးချနိုင်မဲ့ Essential Oils ဆိုတာ ဘာလဲ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။

ကျွန်တော်တို့ ဘယ်ပညာမှ သုံးစားမရတာ မရှိပါဘူး။ သိထားရင် အသုံးဝင်တာချည်းပါပဲ။ အခုလည်း ကျွန်တော် ခရီးသွားရင်း ရောက်တဲ့ဒေသတွေက အလေ့ကျဖြစ်ဖြစ် စိုက်ပျိုးပြီးဖြစ်ဖြစ် ပေါက်ရောက်တဲ့ အပင်၊ အသီး၊ အပွင့်တွေကနေ အသားအရေနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် လိုအပ်တဲ့ Essential Oil ကို ထုတ်ယူလို့ရပြီး လိုအပ်သလို အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ အသုံးချနိုင်တယ်ဆိုတာ သိလိုက်ရတယ်။

တလောက ကိုဗစ်ကပ်ကြီးကြောင့် ကျွန်တော်တို့ စိုက်ပျိုးတဲ့တောင်သူတွေ ရောင်းချမရဘူး၊ ပစ်လိုက်ရတယ်၊ အလကားဝေလိုက်ရတယ် စသဖြင့် အမျိုးမျိုးအခက်ကြုံကြရတယ်။ တကယ်တော့ တချို့သီးနှံတွေနဲ့ ပန်းတွေဟာ ကျွန်တော်တို့မှာ နည်းပညာ ပေးမဲ့သူ သေချာမရှိလို့ ဆုံးရှုံးလိုက်ကြရတာတွေပါ။ သမာရိုးကျ စိုက်ပြီး အစာအဖြစ်ပဲ ရောင်းချနေတဲ့အပြင်ကိုမှ တဆင့်တက်လှမ်းလို့ အစာအဖြစ် မရောင်းချနိုင်ရင် နောက်တစ်မျိုး ဘယ်လို ဖန်တီးကြမလဲ ဆိုတာ စဉ်းစားရတော့မဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ အပင် အရွက် အသီး အပွင့် အမျိုးမျိုးကနေ Essential Oil ဆိုတဲ့ အသားအရေအတွက် ခန္ဓာကိုယ်အတွက် လိုအပ်မဲ့ မရှိမဖြစ်အရေးပါတဲ့ သဘာဝအဆီအမျိုးမျိုးကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ၊ ဘယ်လို အသုံးချရမလဲ ဆိုတာတွေကိုတော့ ဒီဗီဒီယိုလေးထဲမှာ ကြည့်နိုင်ပါတယ်။ Flawless Myanmar ရဲ့ Founder ဖြစ်တဲ့ မလွင်မာအောင် နဲ့ ခရီးသွားရင်းပြောဆိုထားသမျှကို တင်ဆက်ထားပါတယ်ခင်ဗျာ။ ဒါလေးကြည့်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စဖို့ စိတ်ကူးတစ်ခုလည်း ရသွားနိုင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

မင်္ဂလာပါဗျ... ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (20) မှာတော့ "ခရီးသွားခြင်းနဲ့ သွားကျန်းမာရေး" စကားဝိုင်းလေး တင်ဆက်ထားပါတယ်။

ကျွန်တော့်ရဲ့ သွားနဲ့ခံတွင်း စစ်ဆေးတာကို ရန်ကုန်၊ ပုလဲကွန်ဒို က DSC Dental Specialist Clinic မှာ လုပ်ဖြစ်ရင်းကနေ သဘောကျလို့ အဲ့ဒီက ဒေါက်တာ ဆုရည်အောင်စိုး နဲ့ စကားပြောဖြစ်ခဲ့တာပါ။ ဒီ Podcast မှာ ဘာတွေ ပြောဖြစ်သလဲဆိုရင် -

  • ဘာကြောင့် ကျွန်တော်တို့တွေ သွားကျန်းမာရေးစစ်ဆေးတာ လုပ်သင့်သလဲ?
  • ခရီးသွားရင် ဟိုတယ်၊ တည်းခိုခန်းနဲ့ အဝေးပြေးကားတွေက ပေးတဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံတွေက သုံးစွဲဖို့ သင့်ရဲ့လား?
  • ခံတွင်းနံ့ပျောက်ဆေး နဲ့ ပီကေ တွေ သုံးတာရော တကယ်အကျိုးဖြစ်ရဲ့လား?
  • မနက်စာ မစားခင် သွားတိုက်ရမှာလား၊ စားပြီးမှ တိုက်သင့်တာလား?
  • ခရီးသွားနေသူတွေအတွက် သွားနဲ့ခံတွင်း ဘယ်လိုထိန်းသိမ်းရမလဲ?

ဆိုတာတွေ ကို စကားပြောဆိုထားပါတယ်။

ခရီးသွားဝါသနာပါသူတိုင်း သိထားသင့်တဲ့ အချက်တွေချည်းပဲမို့ သေချာလေး နားထောင်ဖြစ်မယ် ယုံကြည်ပါတယ်ခင်ဗျာ။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

မင်္ဂလာပါဗျ... ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေးမှာတော့ ပုဂံ မှာ ခုလတ်တလော ဖြစ်ပျက်သွားတဲ့ စေတီတွေရဲ့ ကွမ်းတောင် တွေကို ဖောက်ပြီး ဌာပနာတွေ ခိုးယူခံရတာရယ်၊ လောကထိပ်ပန်ဘုရား ရှေ့က အကာအရံ ကန့်လန်ကာကို မီးရှို့ခံရတာတွေနဲ့ ပတ်သက်ပြီး ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်း ရဲ့ ဥက္ကဌ ဦးသန်းဌေး နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

ဦးသန်းဌေး နဲ့ စကားပြောကြည့်ရင်း -

  • ဘာကြောင့် ဒီလို ဖောက်ထွင်းမှုဖြစ်သလဲ
  • ဘာကြောင့် မီးလောင်မှု တပြိုက်နက်တည်း ဖြစ်လာသလဲ၊ ဆက်စပ်မှုရှိနေမလား
  • အရေးယူမှုတွေ တကယ်လုပ်ဆောင်နေရဲ့လား
  • ပုဂံဘုရားတွေကို ထိန်းသိမ်းဖို့ ဘယ်သူတွေက လုပ်ဆောင်နေကြသလဲ
  • ပုဂံ ဧည့်လမ်းညွှန်တွေ နိုင်ငံခြားသားဧည့်သည် မလာရင် ဘယ်လိုရပ်တည်နေထိုင်ကြမလဲ
  • ပြည်တွင်းခရီးသွားဧည့်သည်တွေ၊ ဘုရားဖူးလုပ်ငန်းတွေရဲ့ စည်းကမ်းမဲ့မှုတွေကို ဘယ်လိုထိန်းသိမ်းမလဲ
  • ပုဂံဧည့်လမ်းညွှန် အခမဲ့သင်တန်း

စတဲ့ စတဲ့ ကိစ္စရပ်တွေနဲ့ ပုဂံကိုချစ်သူတိုင်း သိထားသင့်တဲ့ စကားတွေ အများကြီး ပြောဖြစ်ထားပါတယ်ခင်ဗျာ

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဟဲလို... ကျွန်တော့် Podcast ရဲ့ ဒီနေ့ Episode မှာတော့ Vegan နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ဆက်ထားပါတယ်ဗျ... အကြောင်းအမျိုးမျိုးနဲ့ သားသတ်လွတ် (သက်သတ်လွတ်) စားတဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေမှာလည်း ပုံစံကွဲတွေ အများကြီးရှိကြောင်း သိသူ နည်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် -

(၁) Lacto-Ovo Vegetarians (အသားရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးသူများ) (၂) Lacto Vegetarians (အသား နဲ့ ဥအမျိုးမျိုးရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးသူများ) (၃) Ovo Vegetarians (အသား၊နို့ ရှောင်ပြီး ဥအမျိုးမျိုးသာစားသုံးသူများ) (၄) Vegans (သတ္တဝါမှ ထွက်သမျှ အကုန်ရှောင်ကြဉ်ကြသူများ) ဆိုပြီး ကွဲပြားပါသေးတယ်။ Vegan မှာကိုပဲ Type က ၂ မျိုးလောက်ရှိပါသေးတယ်။

သက်သတ်လွတ် စားခြင်းကို ကမ္ဘာမှာ ခရစ်တော်မပေါ်မီ BC 700 လောက်ကတည်းက စတင်ခဲ့ပြီလို့ ပြောဆိုကြပြီး Vegan ကိုတော့ ခုဒီဘက်ခေတ်ကြမှ ရှေ့က သက်သတ်လွတ်စားတဲ့ ပုံစံတွေကနေ ကွဲထွက်လုပ်ဆောင်လာကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။

  • ဘာကြောင့် Veganism တွေ ဖြစ်လာကြသလဲ?
  • Veganism တစ်ယောက် ဖြစ်လာရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ?
  • ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုပုံစံဖြေရှင်းလဲ?
  • Veganism ဆိုတာ ဝိတ်ကျစေတဲ့ ဝိတ်ချနည်းတစ်ခုလား?
  • ဘာတွေ ကောင်းကျိုးပေးနိုင်လဲ?
  • Vegan ဖြစ်ဖို့ လွယ်သလား?

စတဲ့ စတဲ့ Veganism တစ်ယောက်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို အခုဆိုရင် ၃ နှစ်တာ Veganism အဖြစ် ပြောင်းလဲ နေထိုင်နေတဲ့ အဆိုတော် ကျော်ဇင်မင်း နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (17) မှာတော့ ကိုဗစ်ကာလအလွန် မြန်မာ့ခရီးသွားစကားဝိုင်းလေးကို တင်ဆက်ထားပါတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေမှာ ဘာတွေကြုံလာနိုင်သလဲ၊ ဘာတွေပြင်ဆင်ကြမလဲ... New Normal နဲ့ ခရီးသွားလုပ်ငန်းကို ဘယ်လိုပုံဖော်ကြမလဲဆိုတာကို တင်ဆက်ထားပါတယ်။ ဒီစကားဝိုင်းမှာ ဗိသုကာနဲ့ ဟိုတယ်အကြံပေး ကိုဇော်လင်းမြတ် နဲ့ စားသောက်ဆိုင်လုပ်ငန်းရှင် ကိုကောင်းမင်းခန့် တို့နဲ့ စကားပြောထားပါတယ်ခင်ဗျာ။ ဒီစကားဝိုင်းကနေ ခရီးသွားလုပ်ငန်း ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်လုပ်ဆောင်နေကြရတဲ့ နိုင်ငံသားတိုင်း အကျိုးရှိဖို့ မျှော်လင့်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော့်ရဲ့ Podcast လေး ဒီတစ်ခုဆို Episode (16) ရောက်လာပါပြီ... ဆက်ပြီး နားဆင်ပေးလို့ ကျေးဇူးအထူးပါ။ ဒီ Episode မှာတော့ အချစ်အကြောင်းလေးတွေ ပြောထားတယ်။ "5 Ways to Turn Your Crush into Your Bae" ဆိုပြီး ကိုယ်လိုက်နေတဲ့ တစ်ယောက် ကိုယ့်ချစ်သူ ဖြစ်လာဖို့ ဘာတွေ အဓိက အရေးတကြီး သိထားရမလဲ ဆိုတဲ့ အချက် (၅) ချက်ကို ပြောထားပါတယ်။ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး နားဆင်နိုင်ပါတယ်ဗျား။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast Episode (15) မှာတော့ ပဲခူးမြို့ကို ခရီးသွားမယ်ဆိုရင် -

  • ပဲခူးမြို့ ဖြစ်တည်လာပုံ
  • ဘာနဲ့ ဘယ်လိုသွားမလဲ
  • ဘယ်တွေ လည်ပတ်မလဲ
  • ဘယ်မှာ တည်းခိုမလဲ
  • ဘယ်မှာ စားသောက်မလဲ

စတာတွေကို ပြောပြပေးထားပါတယ်ခင်ဗျာ။ အမြဲ အားပေးနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီကနေ့ ကျွန်တော့် Podcast Episode 14 မှာတော့ အဆောက်အဦးတစ်ခုလုံး မြေခတဲ့အထိ ဘယ်သူမှ ပြုပြင်ထိန်းသိမ်းခွင့် မရှိဘူးလို့ ရှေးလူကြီးတွေ ဆိုခဲ့ကြတဲ့ ပင်လောင်းဟော်နန်းကြီး ဒီနေ့ မေလ ၁၉၊ ၂၀၂၀ ခုနှစ်မှာ အကုန်အစင်ပြိုကျသွားခဲ့ပါပြီ။ အစောင့်အရှောက်ကြီးတယ်လို့ ယူဆကြပြီး အလည်လာသူတွေ မလျော်မကန်နေထိုင်ပြုမူရင် ဝင်ပူးတာတို့၊ အရိပ်အကောင် ပြတာတို့တွေ လုပ်လေ့ရှိတယ်လို့ နာမည်ကျော်တဲ့ ဒီဟော်နန်း အကြောင်းကို ပိုပြီး သိရဖို့ ဒေသခံတစ်ဦးနဲ့လည်း အင်တာဗျူးထားတာလေးနဲ့ ကျွန်တော် သွားရောက်လည်ပတ်ခဲ့စဉ်က အတွေ့အကြုံတွေရယ်ကို တင်ဆက်ထားပါတယ်။

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီ တနင်္ဂနွေနေ့ ကျွန်တော့် Podcast ရဲ့ Episode 13 မှာတော့ ကပ်ကာလအတွင်းနဲ့ အဲ့မတိုင်ခင်က Social Media တွေပေါ်ကနေ တေးသံရှင်တွေ ဂစ်တာလေးတွေ တီးပြီး သီချင်းတွေ ဆိုပြထားသမျှထဲက ကျွန်တော် ကြိုက်တာလေးတွေကို ကူးသိမ်းထားတာလေးတွေ ရှိတယ်။ အဲ့ဒါလေးကို အမှတ်တရ ပြန်စုစည်းပြီး တင်ဆက်ပေးထားပါတယ်။ ကျွန်တော်ကြိုက်တဲ့ တေးသံရှင်တွေနဲ့ အကြိုက်ချင်းတူ မတူ အဖြေညှိကြည့်လို့ရအောင် ဘယ်သူတွေဆိုတာတော့ မပြောတော့ပါဘူး။ သီချင်းတွေ တစ်ဝကြီး နားထောင်သာ ကြည့်လိုက်ပါတော့လေ...

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

This podcast is in English.

In This episode, I would like to talk about my travel experience in Myeik. Myeik is a town in Tanintharyi Division in the southern part of Myanmar and has a small seaport. Myeik is the largest city in Tanintharyi division . It is a very important town in Myanmar. It is also the coastal capital of Coastal Command in the 2000s. It is rich of so many attractions for visitors. Just check it out!

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast Episode 11 မှာတော့ Covid-19 ကို ကျန်းမာရေးရှုထောင့်ကနေ သုံးသပ်ထားတာလေး တင်ဆက်သွားဖို့ ရှိပါတယ်။ ဒေါက်တာဦးကြည်မင်း နဲ့ စကားပြောထားတာလေး ပါဝင်ပြီး၊ ထွန်းအိန္ဒြာဗို ရဲ့ ကျန်းမာရေးလောကသားတွေရဲ့ ပေးဆပ်မှုအတွက် ဂုဏ်ပြုသီဆိုထားတဲ့ သီချင်းလေးလည်း ပါဝင်ပါတယ်ခင်ဗျာ။

In this Episode (11), it is all about talkshow with Dr. Kyi Min for Covid-19 with recent popular song by Htun Aeindra Bo.

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော့် Podcast ရဲ့ ဒီ တနင်္ဂနွေ Episode (၁၀) မှာတော့ တိုက်ဆိုင်နေတဲ့ မိခင်များနေ့ ကို ဂုဏ်ပြုတင်ဆက်ထားပါတယ်။မိခင်ကို ချစ်သူတိုင်း ခံစားနှစ်သက်မယ်လို့ ယုံကြည်ပါ။

  • မိခင်များနေ့ ဖြစ်ပေါ်လာပုံ
  • မိခင်များနေ့ ကို နိုင်ငံအလိုက် သတ်မှတ်ကြပုံ
  • မိခင်ဂုဏ်ပြုတေးသီချင်းကောင်းများ
  • မိခင်ကျေးဇူးမေတ္တာဂုဏ်ပြု ဝတ္ထုတို "သိပါပြီ မေမေရယ်" နဲ့
  • ကျေးဇူးပါ မေမေ အစီအစဉ်

စတဲ့ ကဏ္ဍစုံနဲ့ တင်ဆက်ထားပါတယ်ခင်ဗျာ။

In this Episode (10), I would like to present about Mother's Day and related things for Moms in local language.

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ကျွန်တော့်ရဲ့ Podcast က အခုဆိုရင် Episode 9 တောင် ရောက်လာပါပြီ။ ခုထိလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေရဆဲပါ။ ဒီနေ့ အစီအစဉ်လေးမှာတော့ ကျွန်တော်က -

  • မိုးတွင်းမှာ ဘာကြောင့် ပုဂံ ကို ခရီးသွားသင့်သလဲ
  • ငယ်ငယ်ရွယ်ရွယ်နဲ့ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းရှင် မအေးမြစိုး နဲ့ စကားပြောကြည့်ခြင်း
  • ဟိုတုန်းက သီချင်းဟောင်းလေးတစ်ပုဒ်

စတဲ့ ကဏ္ဍလေးတွေ နဲ့ တင်ဆက်ထားပါတယ်ခင်ဗျာ။ နားဆင်ပြီး ကိုယ့်အမြင်လေးတွေကိုလည်း ပြန်လည် ဝေမျှနိုင်ပါတယ်ခင်ဗျာ။

This episode 9 is covered below programs:

  • Why we should travel to Bagan in Rainy Season
  • Chit chat with Aye Mya Soe, a young business woman
  • A retro song

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီ တနင်္ဂနွေနေ့ ရဲ့ ကျွန်တော့် Postcast Episode 008 မှာတော့ ခရီးသွားအကြောင်းအရာလေးကို တင်ဆက်ထားပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ကနေ ရိဒ်ရေကန် ရှိရာ ရိဒ်ခေါဒါရ်မြို့ ကို ခရီးသွားတဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်ခင်ဗျာ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ခရီးသွားအကြောင်းအရာလေးတွေကို မြန်မာဘာသာနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်နိုင်ပါတယ်ခင်ဗျာ။

This episode is about my trip to Rih Lake (Chin State near Myanmar and India border) through Tedim City from Chin State, Myanmar. It is in local language Burmese.

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

ဒီနေ့ ကျွန်တော့် Podcast ရဲ့ Episode 7 အဖြစ် ဒီ မေလ (၁) ရက်နေ့မှာ မွေးနေ့ ကျရောက်တဲ့ ကျွန်တော် ချစ်ခင်လေးစား အားကျရပါသော အကယ်ဒမီ ထွန်းအိန္ဒြာဗို အကြောင်းလေးကို သူ့သီချင်း၊ သူ့ရုပ်ရှင် နဲ့ သူ့ကို လေးစားတဲ့ အနုပညာမောင်နှမတွေရဲ့ စကားသံတွေနဲ့အတူ တင်ဆက်ထားပါတယ်။

This episode is for my idol Htun Aeindra Bo (winning 3 Academy and lots of Music Awards locally). With her bio, songs, movies and comments from her friends from the same field.

| Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | Email me @ thihalulin@gmail.com |

View Details

မိုးလေးဖွဲဖွဲနဲ့ ဖြစ်လာတဲ့ ဧပြီလကုန်ခါနီးလေးမှာ ကျွန်တော့်ရဲ့ Podcast လေးကနေ အိမ်မှာ Stay at Home နေနေရတဲ့သူတွေ အကျိုးရှိတာလေးတွေ လုပ်ဆောင်နိုင်ဖို့နဲ့ ရသခံစားစရာ အညွှန်းလေးတွေကို တင်ပြပေးထားပါတယ်။ ဒီ Podcast Episode မှာတော့ ကျွန်တော် လတ်တလော နားထောင်ဖြစ်နေတဲ့ Cover သီချင်းလေးတစ်ပုဒ်အကြောင်း နဲ့ စာရေးဆရာ နွေသစ်ဦး ရဲ့ ကဗျာတစ်ပုဒ်အကြောင်းလည်း ဆွေးနွေးတင်ပြထားပါတယ်ခင်ဗျာ။

Website: https://www.thihathetraveller.com Facebook: https://www.facebook.com/travellerthiha Instagram: https://www.instagram.com/thihalulin Email me @ thihalulin@gmail.com

View Details

ချစ်သူတွေ မထင်မှတ်ဘဲ လမ်းခွဲဖြစ်သွားကြတာတွေ များပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် တကယ်ကို ဘာမဟုတ်တဲ့ ကိစ္စရပ်လေးတွေပါ။ အသေးအဖွဲလေးတွေကို ဂရုမပြုမိလို့ ခုတော့ လမ်းခွဲဖို့အထိ ဖြစ်သွားရပြီ။ ဒါဆို ဒီလို အဖြစ်အပျက်လေးတွေကို ရှောင်လွှဲနိုင်ခဲ့ရင် ချစ်သူတွေကနေ မုန်းသူတွေ ဖြစ်သွားစရာ မရှိတော့ဘူးပေါ့။ ဘယ်လိုအချက်လေးတွေကို သတိပြု ဆင်ခြင်ရမလဲဆိုတာကို အချက် (၅) ချက်နဲ့ တင်ပြထားပါတယ်။ နားဆင်သုံးသပ်နိုင်ပါတယ်ခင်ဗျာ။

Facebook: https://www.facebook.com/travellerthiha Instagram: https://www.instagram.com/thihalulin Email me @ thihalulin@gmail.com

View Details

သွားမည်းမှ လှတယ်ဆိုတဲ့ အဲန်တို့ဌာနေဆီ...

ကျွန်တော်တို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပေမဲ့ လူဦးရေအားဖြင့် အနည်းငယ်သာရှိတဲ့ အဲန် လူမျိုးတွေ နေထိုင်ရာ ပန်လေရွာကို ကျွန်တော်ရောက်ခဲ့စဉ်က ကြုံခဲ့ရသမျှအမှတ်တရ ဖြစ်ရပ်လေးများတွေနဲ့ ကျွန်တော်လေ့လာတွေ့ရှိရသမျှ သူတို့ရဲ့ အကြောင်းလေးတွေကို တင်ပြထားပါတယ်။

အဲန်လူမျိုးနဲ့ ရွာအကြောင်းကိုတော့ စာ အားဖြင့် ရှေ့မှ ရေးသားပြီး ဖြစ်လို့ သေချာလေ့လာလိုသူများလည်း ဖတ်ရှုနိုင်ပါတယ်။ http://bit.ly/EnnVillage

Facebook: https://www.facebook.com/travellerthiha Instagram: https://www.instagram.com/thihalulin Email me @ thihalulin@gmail.com

View Details

This podcast is in English! 

Number of ancient heritages in Pinya was less than those of Inwa (Ava) because some of these heritages were renovated but some had disappeared in public buildings and crop lands. Most of the young people of Mandalay cannot immediately give directions for routes to locations of significant sites in ancient Pinya city or places around TadaU. I set a target of my podcast for travellers who are willing to pay visits to Pinya, in Myanmar, in addition to Mandalay and Inwa.

Facebook: https://www.facebook.com/travellerthiha

Instagram: https://www.instagram.com/thihalulin

Email me @ thihalulin@gmail.com 

View Details

အိန္ဒိယနိုင်ငံ က နာမည်ကျော် Taj Mahal ဂူဗိမ္ဗာန်ကို အလည်သွားရင် သိသင့်သိထိုက်တာလေးတွေကို ပြောပြပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။

View Details

ပထမဆုံးသော ကျွန်တော့်ရဲ့ Podcast ပါ။ ပထမဆုံး Episode ကတော့ ကျွန်တော့်ကို ရင်းနှီးသူ၊ မရင်းနှီးသူများအတွက် ခု ကျွန်တော့် Podcast အကြောင်း မိတ်ဆက်တာ ဖြစ်ပါတယ်။ အမြဲမပြတ် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို တင်ဆက်သွားမှာမို့ Follow လုပ်ထားနိုင်ပါတယ်ဗျ။