Church School Songs: Recent Episodes

New Dream Media

မြန်မာအသင်းတော်ကလေးသီချင်းများ

View Details

ခေါင်းစဉ် - ဒါဝိတ်ခေါ်လူငယ်လေး
ဆို - ဂျူနီယာဂျွန်

ဒါဝိတ်ခေါ်လူငယ်လေးဟာ လောက်လွှဲလေးကိုင်ကာ
ဒါဝိတ်ခေါ်လူငယ်လေးဟာ စောင်းတီးသီဆိုတတ်တာ
ဒါဝိတ်ခေါ်လူငယ်လေးဟာ ချောင်းငယ်လေးအတွင်းမှ
ဒါဝိတ်ခေါ်လူငယ်လေးဟာ ကျောက်ခဲငါးလုံးကောက်လာ

( ကျောက်ခဲငယ်တစ်လုံး လောက်လွှဲအထဲ လောက်လွှဲလေးချာချာလည်)၂
(အို) ရဟတ်ပမာလောက်လွှဲဟာ (ချာ)၄ လည်
ဂေါလျက်ကြီးနဖူး ကျောက်ခဲစူး ဘီလူးကြီးမြေပေါ်လူး

View Details

ခေါင်းစဉ် - မျက်လုံးလေး
ဆို - ခရစ္စတီးနား

( မျက်လုံးလေး)၂ ဘာတွေကြည့်နေလဲ။
( မျက်လုံးလေး)၂ ကျမ်းစာဖတ်ပါမယ်။
( ဒီနားလေး)၂ ဘာတွေနားထောင်လဲ။
( ဒီနားလေ။)၂ ဘုရားစကားနားထောင်မယ်။
( နှုတ်ခမ်းလေး)၂ ဘာတွေပြောနေလဲ။
( နှုတ်ခမ်းလေး)၂ ၀မ်းမြောက်ဖွယ်ပြောမယ်။

( ဘုရားသခင်ချစ်တဲ့ ဒို့တွေ အလင်းထဲမှာပဲ။ မုသာမပြောဘဲ လုပ်ဆောင် ကြိုးစားပါမယ်။)၂

View Details

ခေါင်းစဉ် - အတုယူလောက်စရာ အသက်တာ
ဆို - ပုလဲစီ

အတုယူလောက်စရာ ဒံယေလအသက်တာ
တစ်နေ့မှာသုံးခါ မှန်မှန်ပဲ ဒူးထောက်ကာ
ဆုတွေတောင်းကာ ဂုဏ်တော်အမြဲချီးမွမ်းတာ
ခြင်္သေ့ရန်ဘေးမှ ကိုယ်တော်ဘုရား သူ့ကို ကယ်ခဲ့တာ။

ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါ သုံးဦးဟာ
ဘုရားရှင်သူတို့ကို ကယ်နိုင်မှန်းသိကြတယ်
ဘုရားရှင်ကလွဲရင် ဘာကိုမှ ဦးမချပါ
မီးရန်ဘေးမှ ကိုယ်တော်ဘုရား သူတို့ကို ကယ်ခဲ့တာ။

View Details

ခေါင်းစဉ် - သတင်းကောင်းပြောစို့
ဆို - အဖွဲ့

( ကြားဖူးလား)၂ အနူလေးယောက်အကြောင်းကို
သူတို့ခမျာ နေစရာမရှိလို့ မြို့ပြင်မှာနေရရှာ
မြို့ထဲသွားရင် ခဲနဲ့ပေါက်မှာ သူတို့ခမျာ မသက်သာ
ဒီအတိုင်းပဲ ဆက်နေရင် အစာငတ်ပြီး သေမှာ

ရှုရိတပ်ထဲသွားကာ အသနာခံတာ
ဘယ်သူမှမတွေ့ပါ ပစ္စည်းဥစ္စာစားစရာတွေများသာ
ဝမ်းမြောက်ဝမ်းသာ စားလိုက်ကြတာ သိမ်းဆည်းလိုက်ကြတာ
ဒီအတိုင်းပဲမနေပါ မြို့ထဲသွားကာ သတင်းကောင်းပြောကြတာ (ဟေ့)
ချစ်တဲ့မိတ်ဆွေ ဘုရားရဲ့မေတ္တာ သတင်းကောင်းပြောစို့လား။

View Details

ခေါင်းစဉ် - ခါး၊ ဒူး၊ ခြေထောက်၊ ပေါင်
ဆို - ရည်မွန်ဦး

ကြည့်လိုက်ပါကွယ်မြင်တဲ့အရာ ဒို့ခန္ဓာကိုယ်မှာ
ခါး၊ ဒူး၊ ခြေထောက်၊ ပေါင်ရယ်၊ ဗိုက်ကလေးလှပါတယ်။
လက်၊ ရင်၊ ကျော၊ ခေါင်း၊ နားရွက်စုံတယ်၊ နှာခေါင်းလည်းလှတယ်။
ကြည့်လိုက်ပါ။ ဘုရားလက်ရာ ပုံသဏ္ဍာန်တော်နဲ့ အညီပါ။

View Details

Coming Soon

View Details

Coming soon

View Details

Myanmar Church School Songs

ခေါင်းစဉ် - ရှင်ယေရှုအသွေး

ငါ့အပြစ်စွန်း ဆေးအံ့ငှာ ရှင်ယေရှုအသွေး တတ်စွမ်းလေ
ငါ့ကို ကျန်းမာစိမ့်သောငှာ ရှင်ယေရှုအသွေး တတ်စွမ်းလေ

အို မြတ်လှ စီးသောသွေး မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေရှာမတွေ့ ရှင်ယေရှုအသွေး တတ်စွမ်းလေ

View Details

Myanmar Church School Songs

ခေါင်းစဉ် - သင်ဝမ်းသာကြောင်း
ဆို - အဖွဲ့

၁။ ( သင်ဝမ်းသာကြောင်း သိခဲ့လျှင် လက်ခုပ်တီး )၂
သင်ဝမ်းသာကြောင်း သိခဲ့လျှင် သင့်အသက်တာတွင်ပျော်ရွှင်
သင်ဝမ်းသာကြောင်း သိခဲ့လျှင် လက်ခုပ်တီး
၂။ ( သင်ဝမ်းသာကြောင်းသိခဲ့လျှင် ခြေကိုဆောင့်)၂
သင်ဝမ်းသာကြောင်း သိခဲ့လျှင် သင့်အသက်တာတွင်ပျော်ရွှင်
သင်ဝမ်းသာကြောင်း သိခဲ့လျှင် ခြေကိုဆောင့်
၃။ ( သင်ဝမ်းသာကြောင်း သိခဲ့လျှင် ခေါင်းကိုညိတ်)၂
သင်ဝမ်းသာကြောင်း သိခဲ့လျှင် သင့်အသက်တာတွင်ပျော်ရွှင်
သင်ဝမ်းသာကြောင်း သိခဲ့လျှင် ခေါင်းကိုညိတ်
၎။ ( သင်ဝမ်းသာကြောင်း သိခဲ့လျှင် နှာကိုချေ ဟတ်ချိုး)၂
သင်ဝမ်းသာကြောင်း သိခဲ့လျှင် သင့်အသက်တာတွင်ပျော်ရွှင်
သင်ဝမ်းသာကြောင်း သိခဲ့လျှင် နှာကိုချေ ဟတ်ချိုး

View Details

Myanmar Church School Songs

ခေါင်းစဉ် - နေမ၀င်သောနိုင်ငံ

  • အထက်ကောင်းကင်ဘုံမှာ ကျွန်ုပ်တို့ရောက်သောအခါ
    စိတ်ဒုက္ခ ပူဆွေးခြင်းမရှိရ
    သခင်ယေရှုတန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်
    တင့်တယ်လှပ သန့်ရှင်းသောမြို့ပေ

** နေမ၀င်သောနိုင်ငံ သစ်တစ်ရွက်မျှမနွမ်း
သခင်ယေရှုတန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်
တင့်တယ်လှပ သန့်ရှင်းသောမြို့ပေ

View Details

Myanmar Church School Songs

ခေါင်းစဉ် - မည်သူ ပန်းလုပ်နိုင်သနည်း

၁။ မည်သူပန်းလုပ်နိုင်သနည်း။
ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
၂။ မည်သူမိုးရွာစေနိုင်နည်း။
ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
၃။ မည်သူလေတိုက်စေနိုင်နည်း။
ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ
၎။ မည်သူလိပ်ပြာလုပ်နိုင်နည်း။
ကျွန်ုပ်မနိုင် ဧကန် ဘုရားသခင်မှတစ်ပါး မည်သူမတတ်နိုင်ရာ

View Details

Myanmar Church School Songs

ခေါင်းစဉ် - ရှင်မဿဲ ၆း၃၃
ဆို - မရီနီ

ရှင်မဿဲ ၆း၃၃ တွင် ကတိတော်ပါရှိသည်ကား
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား ရှေးဦးစွာ ရှာကြကုန်လေ
နောက်မှလိုသောအရာကို ချပေးမည်
သင်သည် ယုံကြည်လျက် ရှိသလား
ယုံကြည်လျှင် အမှုတော်ဆောင်ပါလေ။

View Details

Myanmar Church School Songs

ခေါင်းစဉ် - အို သင်တို့နံဘေးမှာ
ဆို - သောသော+မဲဒီစေး

[(အို သင်တို့နံဘေးမှာ )၂ ဘယ်သူရှိသလဲ ပြောနိုင်လား။ ]၂
မတွေ့ရပေမယ့် ရှိတယ်။
မကြားရပေမယ့် ရှိတယ်။
တဲထဲမှာလည်း ရှိတယ်။
တိုက်ထဲမှာလည်း ရှိတယ်။
နေရာတကာမှာ ရှိတဲ့ အရှင်ဘုရား။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ဘုန်းတော်ထင်ရှားစေမူပါ။
ဆို - မဲဒီစေး

သခင်ယေရှုဘုရား ကျွန်ုပ်စိတ်မှာ
ဖြူစင်တဲ့သဘောထား ချပေးမူပါ။
ပြောဆိုလေရာ လုပ်ကိုင်ရာရာ
ဘုန်းတော်ထင်ရှားစေမူပါ။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ကျမ်းပိုဒ်ခေါင်းစဉ်သီချင်း
ဆို - မရီနီ

မ၊ မာ၊ လု၊ ယော၊ တ၊ ရော၊ ကော
ဂလာ၊ ဧ၊ ဖိ၊ ကော၊ သက်၊ တိ၊
တိတု၊ ဖိလေ၊ ဟေဗြဲရယ်၊
ယာ၊ ပေ၊ ယော၊ ယု၊ ဗျာ။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ဥယျာဉ်အလ်၌ သစ်ပင်ကြီး
ဆို - သောသော

ဥယျာဉ်အလယ်၌သစ်ပင်ကြီး
ဖဘုရားဖန်ဆင်းခဲ့သည်
အို ဘယ်လောက်လှပသနည်း
ဥယျာဉ်အလယ်က သစ်ပင်ကြီး။

View Details

Myanmar Church School Songs

ခေါင်းစဉ် - မေးခွန်းသုံးခု
ဆို -

ကျမ်းစာနေ့စဉ်ဖတ်သောအခါ ကျွန်ုပ်မေးခွန်းသုံးခုမေးမှာ
ဘာကိုဆိုလိုလဲ အဓိပ္ပာယ်ကဘာလဲ ဘုရားသခင်ဘာပြောနေလဲ
အဖြေမှန်ကိုသိနိုင်ဖို့ရန် ကျွန်ုပ်စိတ်ထဲ ၀ိညာဉ်တော်ကဖွင့်ပြမှသာ
ဘုရားရှင်၏စကား သိမည်အမှန်

View Details

Myanmar Church School Songs

ခေါင်းစဉ် - ကျွန်ုပ်၏ဘုရား
ဆို -

(ကျွန်ုပ်၏ဘုရား ကြီးမြတ်သောဘုရားသည်
အရာရာကို တတ်စွမ်းနိုင်၏။)၂
တောင်တန်းများအားလုံး ချိုင့်ဝှမ်းများအားလုံး
ကြယ်များကိုလည်း ဖန်ဆင်းမူ၏။
ကျွန်ုပ်၏ဘုရား ကြီးမြတ်သောဘုရားသည် အရာရာကို တတ်စွမ်းနိုင်၏။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ဖြောင့်မတ်ခြင်း
ဆို - မဲဒီစေး

ကျွန်ုစိတ်နှလုံးကို ဖဘုရားသိမှတ်ပါ
ကျွန်ုပ်အထင်များကို စုံစမ်းသိမှတ်ပါ
ဆိုးသောနေရာလမ်းကို ကျွန်ုပ်မလိုက်ရအောင်
ကောင်းသောထာဝရလမ်းကို သွေးဆောင်တော်မူပါ။

View Details

Myanmar Church School Songs

ခေါင်းစဉ် - သမုဒ္ဒရာ မိုးမြေ
ဆို - သောသော

သမုဒ္ဒရာမိုးမြေ၊ တောတောင်နှင့် ချိုင့်ဝှမ်း
သစ်ပင်၊ ပန်းမာန်၊ တွန်သံသာတဲ့ငှက်သံ
ရှိလေသမျှအရာ ဘုန်းတန်ခိုးဖြင့်သာ ဖန်ဆင်းထားသူ ရှင်ဘုရား။

View Details

Myanmar Church School Songs

ခေါင်းစဉ် - နားထောင်ခြင်း

[ ( နားထောင်)၂ အစဉ်သာ နားထောင်ကြ ) ]2
ဘုရားသခင်စကားကို နားထောင်သောသူသည်ကား
လုံခြုံစွာနေရ၍ ဘေးကိုမကြောက်ဘဲ
ငြိမ်ဝပ်လိမ့်မည်။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ဘယ်မှာ ဘယ်မှာ
ဆို - သောသော

  • (ဘယ်မှာ ဘယ်မှာ ယခုရှိသနည်း)၂
    ၁။ ခြသေ့င်္တွင်းကျသော ဒံယေလ ဝေးဝေး ရွှေပြည်တော်မှာ

    (မကြာမြင့်မီ တွေ့ကြလိမ့်မည်)၃ ဘေးလွတ် ရွှေပြည်တော်မှာ
    ၂။ မီးဖိုချသော ဟေဗြဲသားများ ဝေးဝေး ရွှေပြည်တော်မှာ
    ၃။ ခဲပစ်ခြင်းခံရသော သတေဖန် ဝေးဝေး ရွှေပြည်တော်မှာ
    ၄။ မီးရထားစီးတက် ဧလိယ ဝေးဝေး ရွှေပြည်တော်မှာ
    ၅။ ပညတ်ဆယ်ပါးရေးသော မောရှေ ဝေးဝေး ရွှေပြည်တော်မှာ
    ၆။ ငါးကြီးဝမ်းဘိုက်ထဲ ရောက်သော ယောန ဝေးဝေး ရွှေပြည်တော်မှာ

View Details

Myanmar Church School Songs

ခေါင်းစဉ် - နံနက်စောစောထ ၀တ်ပြုပါ

နံနက်စောစောထ ၀တ်ပြုပါ
သင်၏ ဆုတောင်းချက်များဖြင့်
တစ်နေ့လုံး စိတ်ပျော်ရွှင်ခြင်းနှင့် ပြည့်ဝစေရန်
စောစောထပါ

View Details

Myanmar Church School Songs

ခေါင်းစဉ် - ကောင်းကင်ဘုံအလင်း
ဆို - မဲဒီစေး

ကောင်းကင်ဘုံအလင်း ကျွန်ုပ်တို့စိတ်အတွင်း
ဘုန်းတန်ခိုးတော်နှင့် လွှမ်းမိုးပြုပြင်
ယေရှုသခင်သည် ကျွန်ုပ်နှင့်ဆိုင်၏
ဟာလေလုယ ၀မ်းမြောက်အားရ

View Details

Myanmar Church School Songs

ခေါင်းစဉ် - ယေရှု သူငယ်များကို ချစ်သည်

ယေရှု သူငယ်များကို ချစ်သည် ကမ္ဘာလုံးရှိသူငယ်များ
ဖြူသည် မည်းသည်ကိုမရွေး ကိုယ်တော် အားလုံးကိုချစ်သည်
ယေရှုသည် သူငယ်အားလုံးကို ချစ်ပေ၏။

View Details

Myanmar Church School Songs

ခေါင်းစဉ် - ဘုရားရှစ်ခိုးသွားသောအခါ
ဆို - မဲဒီစေး

ဘုရားရှစ်ခိုးသွားသောခါ ဖြည်းညှင်းငြိမ်သက်တိတ်ဆိတ်စွာ
ကျွန်ုပ်ပြုပါမည်။
ကိုယ်တော်ကို မမြင်သော်လည်း ကိုယ်တော်နေရာတိုင်းမှာရှိ
ကျွန်ုပ်သိပါ၏။

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - နာရီလက်တံ
ဆို - သောသော

နာရီလက်တံပြနေသည် ယေရှုကြွလာရန်နီးပြီ
ပြစ်ရှိသူများ ပြစ်ဝန်ချ ယေရှုရှင်ထံ ပြန်လာပါ။

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - ငါ့ကိုတောင်းလော့
ဆို - မဲဒီစေး

ငါ့ကိုတောင်းလော့ လူအမျိုးမျိုးတို့ကို
သင်၏အမွေဥစ္စာဖို့ ငါပေးမည်
မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကို
ဧကန်အမှန်ပေးမည်။

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - ကိုယ်တော်၏အတွက်
ဆို - သောသော

ရှံဂါ၏တုတ်ချွန်နှင့် ဒါဝိတ်၏လောက်လွဲ၊
ဒေါ်ကာ၏အပ်ချောင်းလေး ရာခပ်၏ကြိုးနီ
ရှံဆုန်၏မြည်းမေးရိုး အာရုန်၏လှံတံ
မာရီဆီမွှေးအားလုံးတို့သည် ကိုယ်တော်၏အတွက်။

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - ကောင်းကင်ခရီး
ဆို - အဖွဲ့

၁။ ကောင်းကင်ခရီးသွားသူဖြစ်လျှင် လက်ခုပ်တီး
အပြစ်ခွင့်လွှတ်ခြင်းကိုရလျှင် လက်ခုပ်တီး
ကောင်းကင်ဘက်သို့ လက်ညွှန်ပါ
မိတ်ဆွေများနှင့် နှုတ်ဆက်ပါ
ဘုရားရှင်၌ပျော်ရွှင်လျင် လက်ခုပ်တီး လက်ခုပ်တီး လက်ခုပ်တီး
သင်သည်ခရစ်ယာန်ဖြစ်ကြောင်းပြောလျှင် လက်ခုပ်တီး

၂။ ခရစ်တော်အတွက် မရှက်လျှင် လက်ကိုမြှောက်ပြပါ
ခရစ်တော်အတွက် ရပ်မည်ဆိုလျှင် မတ်တပ်ရပ်
ခေတ္တထိုင်၍ နားပါဦး တစ်ဦးတစ်ယောက်ကို ပြုံးပြပါ
အစဉ်အမြဲပျော်ရွှင်လျှင် လက်ခုပ်တီး လက်ခုပ်တီး လက်ခုပ်တီး
သင်သည် ခရစ်ယာန်ဖြစ်ကြောင်းပြောလျှင် လက်ခုပ်တီး

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - ယေရှုကဲ့သို့ ကြီးထွားပါ
ဆို - မဲဒီစေး

၁။ ယေရှု ငယ်ရွယ်စဉ်ခါ ပျော်ရွှင်သောသူငယ်ပေ
ပြုံးရွှင်စွာကစားလို ကျွန်ုပ်တို့ကဲ့သို့ပင်
ယေရှုကဲ့သို့ ကြီးထွားလို ဖော်ရွေလျက်ကြင်နာ
ခြားသူများပျော်ရွှင်ရန် ကျွန်ုပ်ကြိုးစားပါမည်။

၂။ ယေရှုကြီးလာသောအခါ အစဉ်ကူညီမစ
အိမ်ထောင်တွင်လည်းကူညီ ကျွန်ုပ်ကူညီပါမည်
ယေရှုကဲ့သို့ ကြီးထွားလို ဖော်ရွေလျက်ကြင်နာ
ခြားသူများပျော်ရွှင်ရန် ကျွန်ုပ်ကြိုးစားပါမည်။

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - တမန်တော် ၁၂ပါး
ဆို - မရီနီ

တမန်တော် ၁၂ပါး ယေရှုခေါ်တော်မူ၏။
ရှိမုန်ပေတရု၊ အနြေ္ဒ၊ ယာကုပ်ညီယောဟန်၊ ဖိလိပ္ပု၊ သောမ၊ မသဲ၊ အာလဖဲသားယာကုပ်၊ သဒ္ဒဲ၊ ရှိမုန်၊ ယုဒနှင့် ဗာသောလမဲ။

View Details

Myanmar Sunday School Songs

View Details

Myanmar Sunday School Songs

View Details

Myanmar Sunday School Songs

ခေါင်းစဉ် - ယေရှုလောကကို ဆင်းသက်လာ
ဆို - မဲဒီစေး

ယေရှု လောကကိုဆင်းသက်လာ (ဟာလေလုယာ)
အပြစ်သားကို ကယ်ရန်လာ (ဟာလေလုယာ)
ယေရှုကားတိုင်ပေါ်သေခံရှာ ( ဟာလေလုယာ)
သုံးရက်နေ့တွင် ထမြောက်လာ (ဟာလေလုယာ)
ဂုဏ်တော်ကို ချီးမွမ်းကြစို့ (ဟာလေလုယာ)
ဘုန်းတော်ကို ချီးမြှောက်ကြစို့ (ဟာလေလုယာ)

View Details

Myanmar Sunday School Songs

View Details

Myanmar Sunday School Songs