In this Podcast we will teach English Speaking to kids and beginners.Of Course You will get more than just English Training.
ဒီ Podcast လေးမှာတော့ သားသား မီးမီးလေးတွေနဲ့ အင်္ဂလိပ်စာကို အခြေခံက နေစပြီးလေ့လာလိုသူတွေအတွက် အင်္ဂလိပ်စကားပြောလေးတွေ ကို လေ့လာခွင့် ရမှာဖြစ်ပါတယ်။အင်္ဂလိပ်စာတင်မကပဲ တစ်ခြား အသုံးဝင်မယ့်အရာတွေပါ သင်ကြားသွားမှာပါ။
အခုသင်ခန်းစာလေးမှာတော့ ကျွန်တော်တို့အခုအသုံးပြုနေတဲ့ငွေကြေး သို့မဟုတ် ပိုက်ဆံဆိုတာဘာလဲ။ငွေကြေးဘယ်လောက်ရှိမှ ကိုယ့်အတွက်အဆင်ပြေမှာလဲ။ဘယ်လို အသုံးစရိတ်ကိုလျော့ချမလဲ။စသဖြင့်စုံလင်စွာ သင်ကြားပေးထားတယ်။
မြတ်ဗုဒ္ဓဟောကြားထားတဲ့ စီးပွါးရေးသြဝါဒဖြစ်ပါတယ်။ကျွန်တော်က အချက်အချို့ကိုပဲကောက်နုတ်ထားတာပါ။မူရင်းသြဝါဒက ဒီထက်ကိုအကျိုးရှိပါတယ်။
အခုသင်ခန်းစာလေးမှာတော့ ငွေရေးကြေးရေးပညာ အကြောင်းကိုပြောပြထားပါတယ်။ငွေရေးကြေးရေး ပညာ၏အရေးပါပုံတွေပါ စုံစုံလင်လင်တင်ပြပေးထားလို့ လေ့လာသူတွေအတွက် အရမ်းအသုံးဝင်မှာပါ။
အခုသင်ခန်းစာလေးမှာတော့ English Movies တွေကို ဘယ်လိုအကျိုးရှိရှိအသုံးချပြီး အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်အောင်လုပ်ရမလဲဆိုတာပြောပြထားပါတယ်။ပြီးတော့ Leo Tolstoy ရဲ့ short story လေးကို mini story သင်ခန်းစာအဖြစ်နဲ့ သင်ကြားပေးထားပါတယ်။
အခု သင်ခန်းစာလေးမှာတော့The 7 Habits of highly effective people စာအုပ်ထဲကကောက်နုတ်ပြီးတော့ Habit Number 4,5,6 and 7 အကြောင်းလေးပြောပြပေးထားပါတယ်။တကယ်ကို အသုံးဝင်တဲ့နည်းလမ်းလေးတွေဖြစ်လို့ လိုက်နာရင် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။
အခုသင်ခန်းစာလေးထဲမှာ ဘယ်လို အလေ့အကျင့်ကောင်းလေးတွေကိုမွေးမြူ ရမလဲဆိုတာပြောပြပေးထားပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းလမ်းလေးတွေကို လိုက်နာပါတယ်။