FGA Myanmar: Recent Episodes

Full Gospel Assembly

Preaching audio brought to you from FGA Myanmar

View Details

အခန်း−၁အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
2 မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
3 ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏။
5 အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
6 တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊
7 မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။
8 မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
9 တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။
10 ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
11 တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
12 မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
13 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
14 တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
15 မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ၏။
16 ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
17 မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။
18 ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊
19 ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
20 တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
21 ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။
22 ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့ လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊
23 ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။
24 တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
25 ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
26 တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
27 ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
28 အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
29 ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့ စားစရာဘို့ ငါပေး၏။
30 မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။
31 ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။

View Details

ဧဝံဂေလိနယ်မြေများမှ ပြောင်းလဲခါစ ယုံကြည်သူများအား Follow Up ပြုလုပ်ပေးခြင်း၊ ကျမ်းစာသင်ခြင်းကိုပြုလုပ်သွားမည်ဖြစ်ရာ လူပေါင်း ၃၀၀ခန့်ရှိမည်ဩူ မျှော်မှန်းထားပါသည်။
ဤအစီအစဉ်ကို ဘုရားကျောင်းထဲတွင်ပင် ညအိပ်ပြလုပ်သွားမည်ဖြစ်ပါသည်။

View Details

ဟေဗြဲ ၄း၁၂ ထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တယ်။ အင်္ဂလိပ်ကျမ်းစာထဲမှာ Living and Active လို့ရေးထားပါတယ်။ Active ဆိုတဲ့နေရာမှာ ဖုန်းတစ်လုံးကိုဝယ်တယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ သုံးလို့ရတာမဟုတ်ပဲနဲ့ Sim Card ထည့်မှသာ Activeate ဖြစ်ပြီးသုံးလို့ရပါတယ်။ Activated ဆိုတာက လှုပ်ရှားတယ်၊ ဆက်သွယ်လို့ရတယ်၊ အသက်ဝင်တယ်၊ စကားပြောလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ထိုနည်း၄င်းပဲ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဟာ အသက်ရှင်ပြီးအလုပ်လုပ်တယ်။ စကားပြောတယ်။ သံလျက်တွေအများကြီးရှိတဲ့ထဲမှာ နှစ်ဘက်ထက်တယ်။ ထိုသံလျက်တကာတို့ထက် ထက်ခြင်းနဲ့ပြည့်စုံသော နှုတ်ကပတ်တော်ဖြစ်ပါတယ်။ လူတွေနားမလည်နိုင်ဘူး၊ စိတ်ဝိညာဥ်နားမလည်နိုင်ဘူး၊ အသက်ကိုဘယ်လိုခွဲခြားရမှန်းကိုမသိဘူး၊ Dictionaty မှာရှာကြတယ်။ နားလည်ဖို့ခက်တယ်ဆိုတဲ့အရာမှန်သမျှကို နှုတ်ကပတ်တော်က အသေးစိတ်ခွဲခြားနိုင်တယ်။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား […]

View Details

ယုံကြည်သူတွေအတွက်ဘုရားရှင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိပါတယ်။ ထိုအရာထဲကအကြီးမားဆုံးဖြစ်တဲ့ကောင်းကြီးမင်္ဂလာအကြောင်းကိုယနေ့ဟောချင်ပါတယ်။ရောမ ၅ဂ၁၇ ကိုတ်မယ်ဆိူရင် “ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။” အလွန်ကြွယ်ဝသောဘုရားရှင်ရဲ့ကျေးဇူးတော် နှင့် ဖြောင့်မတ်ခြင်းဆိုတဲ့ဆုကျေးဇူး (အင်္ဂလိပ်လို The Gift of Rightiousnes လို့သုံးပါတယ်) ဆိုတဲ့ဆုကျေးဇူးနှစ်မျိုးခံရသောသူဟာ ယေရှုခရစ်အားဖြင့် အသက်ရှင်ပြီးတော့ သာ၍စိုးစံကြရမယ်လို့ဆိုထားပါတယ်။ အခြေအနေအထက်မှာ၊ ပြသနာအထက်မှာ အဖြစ်တရားရဲ့အထက်မှာ၊ ခပ်သိမ်းသောအရာရဲ့အထက်မှာ ခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ခရစ်တော်က ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ပေးထားတဲ့ ထိုဖြောင့်မတ်ခြင်းဆုကိုကျွန်ုပ်တို့သေချာနားလည်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြောင့်မတ်ခြင်းလို့ပြောတာနဲ့ အကြိမ်ဖန်များစွာ ကယ်တင်ခြင်းမှာပဲ အဆုံးသတ်ကြတတ်ပါတယ်။ ဒါမှမဟုတ် အပြစ်ခွင့်လွှတ်ခြင်းတစ်ခုလို့ပဲ တွဲပြီးတော့မြင်တတ်ပါတယ်။ […]

View Details

နှုတ်ကပတ်တော်ဆိုရင်တော့ ကျမ်းစာလို့မြင်ကြပါတယ်။ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ ကျမ်းစာဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဘုရားရဲ့နှုတ်တော်ထွက်စကားဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဒီလောက်ပဲကျွန်မတို့မြင်တတ်ကြပါတယ်။ ကျွန်မယခုထပ်ပြောချင်တာကတော့ ယေရှုခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။ ယခင်က ယေရှုဟာ နှုတ်ကပတ်တော်ဆိုတာရယ်၊ နှုတ်ကပတ်တော်ကလဲ ထိုနှုတ်ကပတ်တော်ပင်ဖြစ်တယ်ဆိုတာသိပေမဲ့ ယနေ့ ယေရှုခရစ်တော်ကိုယ်တိုင်ဟာ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်လောင်းဟောချင်ပါတယ်။ ရှင်ယောဟန် ၁း၄ မှာဘာရေးသလဲဆိုတော့ “ထိုနှုတ်ကပတ်တော်မှာ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏” လို့ရေးသားထားပြီး ဒီနှုတ်ကပတ်တော်ကလဲ ယေရှုခရစ်တော်ကို ရည်ညွန်းနေတာဖြစ်တယ်။ ယေရှုခရစ်တော်ကို နှုတ်ကပတ်တော်လို့ခေါ်နေတာဖြစ်တယ်။ ဒါကြောင့် နှုတ်ကပတ်တော်ဆိုတာကတော့ ရေးသားထားတဲ့ သမ္မာကျမ်းစာ၊ ဘုရားနှုတ်တော်ထွက်စကားတွေမကပဲ ယေရှုခရစ်တော်ကိုယ်တိုင်က နှုတ်ကပတ်တော်ဖြစ်ပါတယ်။ သူတို့အားလုံးဟာလဲ တလုံးတဝဖြစ်တယ်ဆိုတာကိုလဲ ပြောချင်ပါတယ်။ ယနေ့ကျွန်မတို့ရဲ့ အနာရောဂါအတွက် ယေရှုခရစ်တော်ဘုရားကိုယ်တိုင်က လာရောက်ဆုတောင်းပေးမယ်ဆိုရင် ပျောက်ကင်းသွားမယ်ဆိုတာ လုံးဝသံသယရှိစရာမလိုပါဘူး။ ယေရှုရှိတဲ့အရပ်မှာ နိမိတ်လက္ခဏာလဲဖြစ်တာဖြစ်တယ်။ ယေရှုရှိတဲ့အရပ်မှာနူနာတွေပျောက်ကင်းသွားတယ်၊ မျက်စိကန်းတဲ့သူတွေမြင်တယ်၊ လူသေတွေထမြောက်ပြီး ခြေလက်သေတဲ့သူတွေလမ်းလျှောက်နိုင်တဲအခွင့်တွေ ယေရှုရှိတဲ့အရပ်မှာ ရကြတယ်ဆိုတဲ့အကြောင်း […]

View Details

ဘုရားသခင်သည် သူ့သားသမီးများကိုအနားရစေလိုသောဘုရားသခင်ဖြစ်သည်။ သူ၏သားသမီးများကိုပင်ပန်းဆင်းရဲကာ ဒုက္ခတွေဝေနေသော ဘဝမျိုးမဖြစ်စေလိုပါ။ အနားရပြီးအမောပြေကာအောင်မြင်ခြင်းရသောအသက်တာဖြစ်စေလိုသည်။ ယေရှုက သူခိုးသည် ခိုးဖို့သတ်ဖို့ ဖျက်ဆီးဖို့သာလာသည်။ငါကတော့ ငါ့သိုးတို့သည် အသက်ရရုံမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းဌါ လာသည်ဟုပြောပါသည်။ယခုနှစ်အတွက် ဘုရားပေးသောနှုတ်ကပတ်တော်မှာ “အနားရသောနှစ်ဖြစ်သည်။ မဿဲ ၁၁:၂၈ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ၂၉ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ငါ့ထံ၍နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်း ကို ရလိမ့်မည်။၃ဝ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။ ” ဘုရားသခင်သည် ကျွန်ုပ်တို့အယာက်ဆီတိုင်းကို ဖိတ်ခေါ်ကမ်းလှမ်းနေပါသည်။ အနားရဖို့၊ဝန်ပေါ့သောသူတွေဖြစ်ဖို့၊ဝန်လေးပြီး ပင်ပန်းသောသူမဖြစ်စေလိုပါ။ အားငယ်ပြီးစိတ်ဓါတ်ကျတဲ့သူတွေမဖြစ်စေချင်ပါ။ ကျွန်ုပ်တို့ကို စိတ်ပူပန်ပြီးသောကပြည့်တဲ့သူ၊ ညဘက်တောင်အိပ်လို့မရတဲ့သူမဖြစ်စေလိုပါ။ အနားရပြီး ဘာမှမလုပ်ဘဲနေကာ ဆင်းရဲသွားဖို့လည်းမဟုတ်ပါ။ဘုရားအလိုတော်ရှိသောအသက်တာသည် အနားရမယ်။ တအားအောင်မြင်မယ်။ထို့အတွက် ကျွန်ုပ်တို့ကိုဘုရားကခေါ်တာဖြစ်တယ်။ ယေရှုကဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ […]