ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူနေလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသား တံဆိပ် နဲ့ ရင်ထိုးတံဆိပ်တို့ကို သိသာထင်ရှားကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို ဒီနေ့ တိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ များတဲ့အတွက် အတည်ပြုလိုက်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ဒီနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။