ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်စီးနေတဲ့ စက်လှေတစ်စီးနဲ့အတူ တွေ့ရှိရတဲ့ မွတ်စလင် ၁၀၄ ဦး ကို မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စိစစ်နေပါတယ်။
အဲဒီအခြေအနေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။