ဒေသခံတွေ ကန့်ကွက်ခဲ့မှုကြောင့် ယာယီရပ်ဆိုင်းထားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဟိန်းမေတ္တာ သတ္တုတူးဖော်ရေးကုမ္ပဏီက တူးဖော်မယ့် ကျောက်မီးသွေးစီမံကိန်းကို နိုင်ငံတော် သမ္မတရုံးက သက်တမ်းကုန်ချိန် ၂၀၂၀ အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ညွှန်ကြားလိုက်ပါ တယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လျှပ်စစ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။