ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါ နဲ့ ဝူယန်ရွာအနီးက သစ်တောဧရိယာမှာ တရားမဝင် တစ်ရှူးငှက်ပျောတွေ စိုက်ပျိုးနေတဲ့အခြေအနေကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနဲ့ တာဝန်ရှိသူတွေအပြင် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ မနေ့က သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါတယ်။

တရုတ်တစ်ရှူးငှက်ပျောတွေ တရားမဝင် စိုက်ပျိုးနေတာကြောင့် ပြည်သူတွေနဲ့ တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးနေရတဲ့ အခြေအနေကို ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ် မေးမြန်းထားပါတယ်။