မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရခြင်းဟာ ပြည်ပဖိအားများကြောင့် မဟုတ်ဘဲ လုပ်ငန်းအစဉ်ပြေ ချောမွေစေရေးအတွက်ဖြစ်တယ်လို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။ သံအမတ်ကြီးကို ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စ၊ သမ္မတရုံးက ကြေညာထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စများနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။