ချင်းပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် လက်ရှိ အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးထက် ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်ဝန်ကြီး ခန့်အပ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။ မနေ့က ချင်းပြည်နယ်လွှတ်တော်မှာ ဝန်ကြီးနာမည်စာရင်းတင်သွင်းစဉ် လွှတ်တော်အစည်းအဝေးကနေ ထွက်လာခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်တဲ့ မင်းတပ်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတိတ်ထန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။