ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူရွာသားတွေကို ပစ်မှတ်ထားပြီး ARSA အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မောင်တောမြို့က ဟိန္ဒူလူမှုကူညီရေးခေါင်းဆောင် ဦးနီမောလ်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။