KNU တပ်မဟာ (၅) ဒေသဖြစ်တဲ့ ခေးပူးနဲ့ လယ်မူပလောဒေသမှာ အစိုးရတပ်မတော်က ပြီးခဲ့တဲ့ မတ်လဆန်းပိုင်း စတင်ပြီး လမ်းဖောက်လုပ်မှု၊ တပ်အင်အားတိုးချဲ့ ချထားမှုတွေရှိနေကြောင်းနဲ့ အဲဒီလိုဆောင်ရွက်နေတာဟာ နှစ်ဖက်သဘောတူညီချက်နဲ့ ဆောင်ရွက်နေတာ မဟုတ်ကြောင်း KNU နဲ့ KNLA ဘက်က ကြေညာချက် ထုတ်ပြန်မှုတွေ ရှိလာပါတယ်။

တပ်မဟာ( ၅) ဒေသအတွင်း အစိုးရတပ်မတော်နဲ့ KNU တို့ကြားဖြစ်နေတဲ့ လမ်းဖောက်လုပ်မှုပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ KNUရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။