ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ထုတ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ညွှန်ကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့တဲ့ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မြစ်ကြီးနားနဲ့ နမ္မတီးမြို့တွေကို သွားရောက်ပြီး စစ်ဘေးတိမ်းရှောင်လာသူတွေကို တွေ့ဆုံခဲ့သလို တနိုင်းမြို့နယ်အတွင်း ကျန်ရှိနေတဲ့ ဒုက္ခသည်တွေ ကယ်ထုတ်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။